"စာဖတ်ကြမယ်" အက်ပလီကေးရှင်းဖြင့် ပျော်ရွှင်ဖွယ်ရာ ရောင်စုံပုံပြင် စာအုပ်များကို ကလေးများနှင့်အတူ အခမဲ့ဖတ်ရှုခံစားနိုင်ပါသည်။ ဒေသခံ စာရေးဆရာများနှင့် သရုပ်ဖော်ရုပ်ပုံရေးဆွဲသူများမှ အသုံးပြုမှုနည်းပါးသော ဘာသာစကားများနှင့် အင်္ဂလိပ်ဘာသာစကားနှင့် ရေးသား၊ သရုပ်ဖော်ထားသည့် ထောင်ပေါင်းများစွာသော ပုံပြင်စာအုပ်များဖြင့် ကလေးများအား စာဖတ်ခြင်းနှင့် သင်ယူလေ့လာခြင်းကို ချစ်မြတ်နိုးလာစေရန် ကူညီကြပါစို့။
"စာဖတ်ကြမယ်" အက်ပလီကေးရှင်းပေါ်တွင် တင်ပေးထားသည့် ပုံပြင်စာအုပ်များကို ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖတ်ရှုနိုင်ပါသည်။ မိမိ နှစ်သက်သောစာအုပ်များကို အခမဲ့ ဒေါင်းလုပ်ဆွဲ၍ သိမ်းဆည်းထားနိုင်ပြီး ပုံပြင်စာအုပ်များကို Online သော်လည်းကောင်း Offline သော်လည်းကောင်း အချိန်မရွေးဖတ်ရှုနိုင်ပါသည်။
ဘာသာစကားအမျိုးမျိုးတတ်ကျွမ်းသူများအနေဖြင့် ပုံပြင်စာအုပ်ဖတ်ရှုနေစဉ်အတွင်း Let's Read အက်ပလီကေးရှင်းတွင် ထည့်သွင်းပေးထားသော အင်္ဂလိပ်ဘာသာစကားအပြင် အခြားသော ဘာသာစကားသို့ အလွယ်တကူ ရွေးချယ်၍လည်း ဆက်လက် ဖတ်ရှုနိုင်ပါသည်။
စာရေးဆရာများ၊ သရုပ်ဖော်ရုပ်ပုံရေးဆွဲသူများ နှင့် ဘာသာပြန်များမှ တဆင့် အသစ်ထွက်ရှိသော ပုံပြင်စာအုပ်များကို "စာဖတ်ကြမယ်" ဒီဂျစ်တယ် စာကြည့်တိုက်ပေါ်သို့ အမြဲထည့်သွင်းလျက်ရှိပါသည်။
"စာဖတ်ကြမယ်" ကို အာရှဖောင်ဒေးရှင်း၏ "အာရှတိုက်အတွက် စာအုပ်များ" သို့ "Book For Asia" အစီအစဉ်မှ အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး အာရှတိုက်ရှိ လူငယ်များ ပိုမိုစာဖတ်လာစေရန် အားပေးသည့် ရှေ့ပြေးစီမံကိန်း ဖြစ်ပါသည်။ ယဉ်ကျေးမှုအရ သင့်လျော်သောပုံပြင်များကို ရပ်ရွာအခြေပြုအလုပ်ရုံဆွေးနွေးပွဲများမှတဆင့် မူရင်းအကြောင်းအရာများနှင့်ရေးသားပြီး အသုံးပြုမှုနည်းပါးသော ဘာသာစကားများကို အဓိကထား ဆောင်ရွက်ပါသည်။
"စာဖတ်ကြမယ်" ရှေ့ပြေးစီမံကိန်းကို အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည် -
www.letsreadasia.org/about